ထားဝယ်ရူကွက်
ထားဝယ်ရှုကွက် |
တရားတော်ကို တိုက်ရိုက် နာယူနိုင်ပါသည် ...
|

သဲအင်းဂူဆရာတော် သီတင်းသုံတော်မှုသော နေရာသည် နှောကုန်းကျေးရွာ အနီးတွင်ဖြစ်သော်လည်း ပင်လယ်ရပ်ခြားမြို့သို့ သာသနာပြုရန်၊ အခြေအနေ ပေးခဲ့ပါသည်။ ထိုသို့ဝေးကွာသော မြိုများသို့ကြွရောက် သာသနာပြုခဲ့ရာတွင် သဲအင်းဂူ (အထိုင်တရား)နှင့် အတွေ့အကြုံ မရှိသေးသော သူများအဖို့ အသုံးပြုနိုင်သော အခြေခံ ရှုကွက်ကျန်ခဲ့ပါသည်။ ယခုအခါ(ရှုကွက်ကို) (ထားဝယ်ရှုကွက်) (အခြေခံရှုကွက်) ဟု အမည်တွင်ပြီး လူသစ်များကို အကျိုးပြုနေပါသည်။ ဤရှုကွက် ဖြစ်ပေါ်လာပုံမှ မြိတ်မြို့ ရှင်ပြုမင်္ဂလာတွင် တရာချီးမြှင့်ရန် သဲအင်းဆရာတော် ကြွသွားတော်မူခဲ့ပါသည်။
အပြန်ခရီးတွင်ထားဝယ်မြို့၌ ခေတ္တ လေယာဉ်ဆိုက်စဉ် ထားဝယ်သူ ဒေါ်ကြင်တိန်က ဒေါ်ထိပ်တင်စုအား သဲအင်းဂူဆရာတော်၏ တရားပွဲဖြစ်မြောက်ရန် စီစဉ်ပေးပါဟု မေတ္တာ ရပ်ခံပါသည်။
ထိုတောင်းဆိုချက်အရ ထားဝယ်မြို့တွင် သဲအင်းဂူးတရားပွဲ ၁၉၆၆ ခုမှစ၍ လေးကြိမ်လေးခါ ကျင်းပခဲ့ရပါသည်။ ဆရာတော်နှင့်တကွ သဲအင်းယေားဂီများသည် မြူနီစီပါယ်ဓမ္မာရုံတွင် တည်းခိုပြီး တရားပွဲကို လောကမာရဇိန် ဘုရားပရဝုဏ်တွင် ကျင်းပပါသည်။ မြို့ခံဆရာတော်မှာ တောင်ငူကျောင်း ဦးဝိမလဖြစ်၍ လက်ထောက်တရားပြ ဦးပဉ္စင်းသည် (မွန်) ဦးဝိမလ ဖြစ်ပါသည်။ ထားဝယ်မြို့ သာသနာပြုသူများမှာ၊ ရေခဲစက်ပိုင်ရှင် ဦးဘွန်ကျက်နှင့် ညီမများဖြစ်ကြသော ဒေါ်ကြင်အိမ်၊ ဒေါ်ကြင်တိန်၊ ဒေါ်ကြင်မွာနှင့် ဒေါ်ကြင်ရှိန်တို့က အဓိကဖြစ်သည်။
ထားဝယ်တရားပွဲကျင်းပရသည့် လက်ကျန်အကျိုးတမျိုး ဖြစ်ပေါ်လာပုံမှာတရားပွဲသို့ ကြွရောက်လာကြသော ပရိသတ်များသည် သဲအင်းဂူတရားနှင့် အတွေ့အကြုံ မရှိသေးသောကြောင့် မိမိတို့ ကြိုက်နှစ်သက်ရာ ဣရိယာပုတ်ဖြင့် (နာတရား) ကဲ့သို့ ပုံစံအနေအထား ဖြစ်နေကြပါသည်။ ဤအချက်ကို ဒေါ်ထိပ်တင်စုက၊ သဲအင်းဂူဆရာတော်ဘုရားအား ခေတ်ကာလ မူကြိုကျောင်းများတွင် အခြေခံပညာပေးသကဲ့သို့(ကကြီး၊ ခခွေး)မှ အစပြုပြီးချီးမြှင့်ပေးရန် လျှောက်ထားသည့်အတွက် ဤ (ထားဝယ်ရှုကွက်) တစ်နည်း (အခြေခံရှုကွက်) ပေါ်ထွက် လာရခြင်း ဖြစ်ပါသည်။
ဤစာအုပ်တွင် ထားဝယ်ရှုကွက်မှ ကောက်နုတ်ချက် များကိုသာ ဆရာတော်၏ မူရင်းစကားအတိုင်း ဖေါ်ပြထားပါသည်။
တိတ်ခွေအစမှ အဆုံးဆိုလျှင် စာအုပ်တစ်အုပ် ဖြစ်သွားပါမည်။
သဲအင်းဂူဆရာတော်ဘုရားက အထိုင်တရားနာလည်စေရန်ချီးမြှင့်တော်မူခဲ့သည်။ အခြေခံရှုကွက်ထဲတွင် အောက်ပါ
အချက်အလက်များ ပါဝင်ပါသည်။
၁။ ဣရိဝာပုတ်ကို မပြင်နဲ့၊ နိုးသေခါနီး ဣရိယာပုတ်ပြင်လို့ ရမယ်တဲ့လား။
၂။ ကိုယ့်ကို ဘယ်ဓာတ်ကသက်မလဲ သိလား
၃။ အခုတရားထိုင်းတာ သောတာပန် သကဒါဂါမ် - အနာဂါမိ ရဟန္တာဖြစ်ဘို့မဟုတ်ပါဘူး။
၎။ အသေတတ်အောင် လေ့ကျင့်နေတာ ငါသေရင်သပိတ်မသွတ်နဲ့လို့ပြော၊
၅။ ရုပ်နာမ်ကွဲမှ ဒုက္ခ - သုခသိတယ်၊ ဒုက္ခလဲမရှိ၊ သုခလဲမရှိ ခံစားပြီး ပျက်သွားပါလားလို့ သိလိုက်တာက ပညာ
အမြို့မြို့အနယ်နယ်တွင် သဲအင်းဂူဆရာတော်ဘုရား ချီးမြှင့်တော်မူခဲ့သည့် တရားတော်များကို ခန္ဓာကိုယ်တွေ့ အားထုတ်တော် မူကြကုန်သော ရဟန်းရှင်လူနှင့် သာသနာ့နွယ်ဝင် သီလရှင်အချို့ (အနေမြတ်ကြပုံ နှင့် အသေတတ်ကြပုံ) ဤစာအုပ်တစ်နေရာ တွင် ဖေါ်ပြထားပါသည်။
ထားဝယ်ရှုကွက် တရားတော်
သတိပဋ္ဌာန်တရားလေးပါးနဲ့ လိုက်မယ်၊ အာနာပါန သတိကို ယူရမယ်။ ကာယသတိပဋ္ဌာန်၊ ဝေဒနာသတိပဋ္ဌာန်၊ စိတ္တသတိပဋ္ဌာန်။
သူ့သဘောနဲ့ သူ သွားလိမ့်မယ်၊ လုပ်မယူနဲ့။
တထိုင်တည်းနဲ့ အပါယ် (၄) ပါးလွတ်အောင် စိတ်ကလေးကို ပြင်မလို့၊ အသေတတ်ဘို့ဟာကို၊ သေခါနီးကို စိတ်ကလေးတွေ ထားတက်ဖို့၊ ဒီရုပ်နဲ့ ဒီနာမ်ဖြစ်လာရင် သေတော့သေရမှာဘဲ၊ ဒီနေ့သေမလား၊ မနက်ဖြန်သေမလား၊ သဘက်ခါသေမလား၊ ဒီလသေမလား၊ ရွေလသေမလား၊ ဒီနှစ်သေမလား၊ ရှေနှစ်သေမလားမသိဘူး၊ အဲဒီတော့ သေပင် သေသော်လည်း အသိလေးနဲ့ သေရင် အမြတ်ဆုံးတရားရမယ်။ အသိမရှိဘဲနဲ့၊ ငါနဲ့သေရင်ငါခံကြရမယ်။ ငါမရှိတဲ့တရားရမယ်။ အသိမရှိဘဲနဲ့၊ ငါနဲ့သေရင် ငါခံကြရမယ်။ ငါမရှိတဲ့တရားကိုရီတယ်လို့ ထင်လိုက်လို့ရှိရင်၊ ဝေဒနာများ တဏှာကူးသွားပြီဆိုရင်၊ ကိုယ်ကျိုးနည်းကြပြီ၊ အဲဒါကြောင့်မို့ အသေတတ်ဘို့ဟာကို အရေးကြီးပါတယ်လို့။
မျက်စိမှိတ်လိုက်ပါ၊ အားနာပါနသတိကို၊ စိတ်ကလေး တည်ငြိမ်အောင်ယူမှာ၊ အဇ္ဇတ္တသဏ္ဍန်က တွန်းတဲ့ သဘောလေးကို သိပါ။ မသိဘဲနဲ့ မထွက်နဲ့၊ ဗဟိဒ္ဓက တိုးဝင်လာတဲ့ သဘောလေး မသိဘဲနဲ့ မဝင်စေနဲ့၊ တိုးထွက်တဲ့ သဘောလေးကို သိလိုက် တိုးဝင်လာတဲ့ သဘေလေးကို သိလိုက်၊ တွန်းသဘော ကန်သဘော၊ သဘောတရားလေးကို သိ၊ အဲဒီလိုသိစိတ်လေး ငြိမ်လာလိမ့်မယ်။ ဘာမှမစဉ်းစားနဲ့ အတိတ်ကိုလဲမတွေးနဲ့၊ မရောက်သေးသော အနာဂတ်စိတ်ကိုလဲ မမျှော်နဲ့ ပစ္စုပ္ပန်တွန်းတယ်၊ ကန်တယ်၊ နှာသီးဝ ဒါလေး ငြိမ်အောင် တွေးတော ကြံဆခြင်းလဲ မလုပ်နဲ့၊ နောက်သူ့သဘောအတိုင်း သူလာလိမ့်မယ်၊ ဘုရားဟောထားတယ်၊ ပထဝီရဲ့မြွေ၊ အာပေါရဲ့မြွေ၊ တေဇောရ့မြွေ၊ ဓာတ်ကြီးလေးပါ မြွေကြီး လေးကောင် ကိုက်ပြီး သေရလိမ့်မယ် အဲဒီတော့ ပထဝီမြွေ ခန္ဓာထဲက ပေါ်လာပြီတဲ့၊ တင်းတဲ့ ဝေဒနာတွေ၊ တောင့်တဲ့ ဝေဒနာတွေ၊ ထုံတဲ့ ဝေဒနာတွေ၊ အောင့်တဲ့ ဝေဒန်ာတွေ၊ ကိုက်တဲ့ ဝေဒနာတွေ၊ ကျင်တက်လာတဲ့ ဝေဒနာတွေ၊ အာပေါမြွေက ကြပ်လာတယ်၊ တေဇောဓာတ်ဆိုတာ ပူတယ် အေးတယ် ဝါယောဓာတ်ဆိုတာ တွန်းတယ်၊ ကန်တယ်၊ လှုပ်ရှားတယ်၊ ငြိမ်ဝပ်၊ ထောက်ခံတယ်၊ အဲဒီဝေဒနာတွေ၊ ပေါ်လာလိမ့်မယ်။
နှာသီးဝတံခါးကတွန်းတယ်၊ ကန်တယ်၊ ဆိုတဲ့သိသိနေတဲ့နာမ်တရားဟာ တော်တော်ကြာ မနေနိုင်တော့ဘူး။ သူ့ဟာသူ ပြောင်းသွားလိမ့်မယ်။ ကိုယ်ကမလုပ်ရပါဘူး။
ကာယသိပဌာန်၊ ဝေဒနာသတိပဌာန်၊ စိတ္တသတိပဌာန်တဲ့၊ စိတ္တသတိပဌာန် တစ်ကြိမ်တစ်ခါ ရောက်ဖူးတဲ့ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးကို ဘယ်တော့မှ မကျဘူး သေလဲသေတတ်ပါသည်။
အဲဒိတော့ ကြိုးစားပြီးတော့ ပြင်လဲမပြင်ပါနဲ့၊ ဝေဒနာတစ်ခု ဖြစ်လာလို့ရှိရင် ပြင်းပြင်းလေးရူသွား၊ မရှုဘဲ ဒီအတိုင်းသိရုံလေး သိနေပြီဆို ဝေဒနာ တဏှာကူးပြီးတော့ ဝေဒနာကို တော်ချင်တဲ့စိတ်တွေ ဖြစ်လာမယ်၊ ပြင်ချင်တဲ့စိတ်တွေဖြစ်လာမယ်။
အောက်ကကြာကြာထိုင်ဖန်များလာတော့ ဓါတ်ကြီးလေးပါး ဝေဒနာတွေ ပေါ်လာလိမ့်မယ်၊ ပေါ်လာတဲ့အချိန်အခါ တင်းတာပေါ်လာတော့ အဲဒိတင်းတဲ့ သဘောတရားလေးကို ဘယ်လိုသိရမလဲ။
တင်းတယ်လို့များ သွားမသိလိုက်နဲ့၊ ဝေဒနာကိုသာသိလိုက်၊ တင်းတယ်လို့ပေါ်လာရင်၊ တင်းတယ်ဆိုတဲ့ ပညတ်ပါလား၊ တင်းတာမရှိတဲ့တရားပဲ၊ ရှိတဲ့တရားက ဝေဒနာသာရှိပါလား၊ ဪ ဝေဒနက္ခန္ဓာပဲ၊ ဝေဒနာ၏ အစနဲ့ အလယ်နဲ့ အဆုံးနဲ့ ပြင်းပြင်းလေးရှုပြီးတော့၊ အဲဒီဝေဒနာ အစ အလယ် အဆုံး၊ သဘောလေးဆုံးအောင်လိုက်လိုက် သဘောလေးကို တင်းတယ်လို့ ပေါ်လာရင် တင်းတယ်လို့မသိနဲ့၊ ဝေဒနာသာသိလိုက်၊ ကိုက်တာပေါ်လာရင် ကိုက်တယ်လို့သညာမပေးနဲ့ ဘာဘဲ ပေါ်ပေါ်၊ ဪ ဝေဒနက္ခန္ဓာပဲ၊ ဝေဒနာသာရှိပါလား၊ တင်းတယ် တောင့်တယ်၊ ထုံတယ်ဆိုတာ၊ စိတ္တ သင်္ခါရတွေ ဖြစ်ပျက်နေတဲ့ စိတ်တွေပဲ၊ မရှိတဲ့စိတ်တွေပဲ၊ ရှိတဲ့တရားက ပစ္စုပ္ပန်၊ ပြင်တဲ့သဘောက ရူပက္ခန္ဓာ၊ အသုဘ တရားကြီးပဲ၊ ဒီပေါ် ဦးစီး နေတာက ဝေဒနာ၊ ဝေဒနာဖြစ်လာမှ သညာကတင်းတယ်၊ တောင့်တယ်၊ ထုံတယ် ဆိုတဲ့သညာပေးပါလား။
ရှိတာကတော့ ဘာလဲ ဝေဒနာပဲ ဝေဒနက္ခန္ဓာပဲ၊ ဝေဒနာသာရှိပါလား ဝေဒနာတစ်လုံးတည်းသိပြီးတော့၊ အဲဒိဝေဒနာကို အစနဲ့ အလယ် အဆုံးနဲ့ အသိလေးဆုံးအောင် လိုက်လိုက်ပါ။ တစ်ထိုင်းတည်းနဲ့ အပါယ်လွတ်ပါတယ်။
သေတဲ့အခါကျတော့လည်း တင်းတယ်လို့မသိနဲ့၊ တောင့်တယ်လို့မသိနဲ့၊ ထုံတယ်လို့မသိနဲ့၊ အောင့်တယ်လို့မသိနဲ့၊ ကိုက်တယ်လို့မသိနဲ့၊ ရင်ထဲကကြပ်တယ်လို့မသိနဲ့၊ လက်ရယ်လို့မသိနဲ့၊ ခေါင်းရယ်လို့မသိနဲ့၊ မိန်းမရယ်လို့မသိနဲ့၊ ယောင်္ကျားရယ်လို့မသိနဲ့၊ ခြေသလုံးရယ်လို့မသိနဲ့၊ တင်ပါးရယ်လို့မသိနဲ့၊ ပေါင်ရယ်လို့မသိနဲ့၊ ခါးရယ်လို့မသိနဲ့၊ နားရွက်ရယ်လို့မသိနဲ့၊ ပါးစပ်ရယ်လို့မသိနဲ့၊ ပစ္စုပ္ပန်ပေါ်လာတာမြင်လိုက်ရင် ဒါအသုဘ၊ ဒါဟာအသုဘတရားကြီး၊ မြင်တဲ့ဟာက ရူပက္ခန္ဓာကြီး၊ အသုဘတရားကြီး၊ အရိုးစုကြီး၊ ဒီအပေါ်ဦးစီးနေတာက ဓါတ်ကြီး (၄) ပါးပေါ်လာတော့ ရုပ်၊ ရုပ်ရုပ်ခြင်းတိုက်ခိုက်လိုက်တာ ဖဿဝေဒနာဖြစ် ဝေဒနက္ခန္ဓာဖြစ်လာ၊ အဲဒိဝေဒနက္ခန္ဓာဖြစ်လာတော့ ဝေဒနာသာသိတယ်။
တင်းတယ်၊ တောင့်တယ်၊ ထုံတယ်လို့များ သွားမသိနဲ့၊ အကျိုးတရားကြီး အပါယ်လေးပါး ကျရောက်မယ့်တရားကြီး၊ အဲဒိဟာက ကလေးလဲသိတယ်၊ လူကြီးလဲသိတယ်၊ လူတိုင်းလူတိုင်း သိတဲ့အသိ၊ ဝေဒနာ သညာလွတ်ပြီး ဝေဒနာနဲ့ သညာဖြစ်အောင်သိပါ။
ပစ္စုပ္ပန်တင်းတာပေါ်လာလို့ရှိရင် ဪ ဒါဝေဒနက္ခန္ဓာပဲလို့သာသိ၊ မြင်တာက ရူပက္ခန္ဓာ၊ ဒီအပေါ်ဦးစီနေတာက ဝေဒနက္ခန္ဓာ၊ ဝေဒနာပါလားဆိုပြီးတော့ ဝေဒနာ၏ သဘောတရားလေးကို သိပြီးတော့ အစနဲ့၊ အလယ်နဲ့၊ အဆုံးနဲ့ အဆုံးလေးလိုက်လိုက်၊ ဆိုတဲ့သဘောလေးသိလိမ့်မယ်၊ အဲဒိဝေဒနာ ကုန်ဆုံးသွားတော့ စိတ်ကလေး တည်ငြိမ်ပြီး အအေးဓါတ်လေး ခံစားလိမ့်မယ်၊ စိတ္တာနုပဿနာ သတိပဌာန် ရောက်သွားလိမ်မယ့်။
အဲဒီ စိတ္တာနုပဿနာ သတိပဌာန် တစ်ကြိမ်တစ်ခါ ရောက်ဖူးတဲ့ ပုဂ္ဂိုလ် ဪ ငါသေလို့ရှိရင် ဒီလိုပဲ၊ ဒီရုပ်ဝေဒနာဖြစ်လာမှာပဲ၊ အဲဒိလိုပဲ ငါသိ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ အောင်တယ်မသိဘဲနဲ့ ဒီဝေဒနာ တစ်လုံးတည်းသိပြီး ငါအစ ငါအလယ် ငါအဆုံး သိရမှာပါလားလို့ ဒီဝေဒနာကုန်ဆုံးသွားလို့ရှိရင် စိတ်ကလေးဟာ တည်ငြိမ်ပြီးတော့ ငါခဏသေကြည့်တာပါလားလို့ သိလိမ့်မယ်၊ အဲဒီတော့ သဘောပေါက်ပါလိမ့်မယ်၊ တစ်ထိုင်တည်းနဲ့ အပါယ်လေးပါ လွတ်အောင်လို့ စိတ်ကလေးတွေ တင်ပြီးတော့ ပြင်ပေးနေတာ။
တစ်ခုတည်းသိ၊ တစ်လုံးတည်းသိ၊ ဘာကြောင့်လဲတဲ့ ဝေဒနာကို ဥပါဒါန်လွတ်သွားအောင်၊ ဥပါဒါန် ခန္ဓာချုပ်သွားအောင်၊ ဝိဇ္ဇာခန္ဓာကျန်အောင် ဝိဇ္ဇာခန္ဓာငါးပါး ချုပ်သွားအောင်၊ ဒါ မဂ်စိတ်ခေါ်တယ်၊ အဲဒိတော့ တစ်လုံးတည်းအသိခိုင်းတာ။
အဲဒိတော့ နာမ်ဖြစ်ပျက် ချုပ်သွားအောင် စိတ္တသင်္ခါရ ချုပ်သွားအောင် ဝေဒနာတဏှာ လွန်နေအောင် ဥပါဒါန်ခန္ဓာငါးပါး ချုပ်နေအောင် ဝေဒနာသာ တစ်လုံတည်း သိလိုက်၊ အဲဒိလို သိလိုက်ပြီဆိုရင် ဒကာမကြီးတွေ အသေတတ်ပြီး၊ သေကျိုးလည်းနပ်ပါတယ်၊ ရှင်ကျိုးလည်းနပ်ပါတယ် ကာယသတိပဌာန်၊ ဝေဒနာသတိပဌာန်၊ စိတ္တသတိပဌာန်၊ ဓမ္မသတိပဌာန်တဲ့၊ ကနဦးစိတ်ကလေးဟာ နှာသီးဝ တံခါးကနေပြီးတော့၊ တွန်းတဲ့သဘော လေးသိလိုက်တယ်၊ ကန်တဲ့သဘောကလေး သိလိုက်တယ်။
စိတ်ရိုင်း စိတ်ယုတ်မာကို အဲဒီ အာနာပါန သတိနဲ့ ယူပြီးတော့ သတိဖမ်းလိုက်တာ၊ နာမ်ကလေး ငြိမ်သွားအောင်လို့ နောက်ကျတော့ ဒီနာမ်ကလေး ထွက်မပြေးနိုင်အောင် ဝေဒနာနဲ့ ဖမ်းယူမယ်၊ မပြေးနိုင်ဘူး နာမ်ဝပ်ရော၊ ဝေဒနာသတိ၊ ဝေဒနာနုပဿနာ ဖြစ်လာအောင်လို့ တစ်ခါတည်း ဝေဒနာပေါ်တင် စိတ်ကလေး တည်ငြိမ်အောင်လို့ တစ်ခါတည်း အစနဲ့ အလယ်နဲ့ အဆုံးနဲ့ ဆုံးအောင် လိုက်ကြည့်ခိုင်းတာ တစ်ထိုင်တည်းနဲ့ အပါယ်လေးပါ လွတ်အောင်လို့။
ဒီဝေဒနာမှ တိုက်ထားတဲ့ပုဂ္ဂိုလ် မဟုတ်လို့ရှိရင် သက်တောင့်သက်သာလေးနဲ့ နေခဲ့တဲ့ ပုဂ္ဂိုလ်ဆိုလို့ရှိရင် သေခါနီးဆဲဆဲကျရင် နာလိုက်တာ၊ ကိုက်လိုက်တာ၊ ခွေးဖြစ်မယ့်လူရယ်၊ ဝက်ဖြစ်မယ့်လူရယ်၊ ရေထဲကရှပ်တို့ ဗလုပ်တို့ ဖြစ်မယ့်ဟာတွေကတော့ လူသေလို့ လူမဖြစ်ဘူး၊ အဲဒါကြီးဖြစ်မှာပဲ၊ နာတာကြီးသိတာ၊ ကိုက်တာကြီးသိတာ၊ ထုံတာကြီးသိတာ၊ ပူတာကြီးသိတာ၊ ကလေးလေးလဲသိတယ် ခွေးလည်းသိတယ်၊ ဝက်လဲသိတယ်၊ ပူတာ၊ ကိုက်တာ၊ ထုံတာတွေကို မပြောတတ်လို့၊ ဒီအသိမျိုးမဟုတ်ဘူး။
သိရမှာကဘာလဲ၊ ဝိဇ္ဇာ၊ ဝိဇ္ဇာပညာ အမြင်ပညာ အသိဖြစ်ရမယ်၊ မြင်နေရတာက ရူပက္ခန္ဓာ၊ အသုဘတရားကြီး၊ အရိုးစုကြီး မိန်းမလည်းမဟုတ်၊ ယောက်ျာလည်းမဟုတ်၊ မြင်နေတာက၊ ဒါကြီးကပုပ်ရမယ့်တရား၊ ဒီအပေါ်မှာ ဝေဒနာရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ ဝိဥာဏရယ်၊ နာမ်ခန္ဓာလေးပါး ဦးစီးနေသေးလို့ ဒါကြီးကမပုပ်သေးတာ၊ ဝေးနာလည်းမရှိဘူး၊ သင်္ခါရလည်းမရှိဘူး၊ ဝိဥာဏ ခံစားမှုနာမ်လည်းမရှိဘူးဆိုရင် (၃)ရက်လောက်ကြာပြီဆိုရင် မည်းပုပ်ပြီး သွေးပုပ်တွေ ယိုကျပြီးတော့ မီးရှို့ရတော့မယ်၊ ခေါင်းထဲထည့်ရတော့မယ်၊ ဒီဟာကြီးကို ငါးပြားပေး၍ ဝယ့်မယ့်သူမရှိဘူး၊ ပုပ်ရမယ့်တရာကြီး၊ အသုဘတရားကြီး၊ အရိုးစုကြီး ဒီအပေါ်ဦးစီးနေတာက ဝေဒနက္ခန္ဓာရယ်၊ သညာရယ်၊ သင်္ခါရရယ်၊ ဝိဥာဏရယ်၊ နာမ်ခန္ဓာလေးပါဦးစီးနေတယ်။
အဲဒီတော့ ရူပက္ခန္ဓာ၊ ရုပ်တရားကြီးပေါ်ဦးစီးနေတာက ဝေဒနက္ခန္ဓာတော့မသိဘူး၊ ခန္ဓာငါးပါးကို ဘုရားကမြင်အောင် ကြည့်ခိုင်းတာ၊ ခန္ဓာငါးပါးကိုတောင် မသိဘူး၊ ဘာသွာသိသလဲ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ ညောင်းတယ်၊ နာတယ်၊ ကိုက်တယ်၊ နာတယ်၊ ဒါသွားသိတော့ လေးဘက်ထောက်ပြီးတော့ ရှပ်တို့ ဗလုပ်တို့ ငါးမန်းတို့ ငါးဆင်တို့ဖြစ်ကြတော့ ပင်လယ်ကြီးကလဲ နီးတယ်၊ အဲဒါကြောင့်မို့ အသေတတ်ဖို့ဟာ ဒကာမတွေ လာအသိပေးတာ၊ စိတ်ကလေးတွေ ပြောင်းပေးတာ။
အဲဒိ ကနဦးစိတ်ကလေးက အာနာပါနသတိကို တွန်းတာလေးကိုသိ၊ ကန်တာလေးကို သိနေတာက ကာယသတိပဌာန်၊ အခု ဒကာ ဒကာမများ ကြာကြာ ထိုင်လာတဲ့ အချိန်အခါ၊ ဝေဒနာ ဖြစ်ဖြစ်လာလိမ့်မယ်၊ တင်းတဲ့ဝေဒနာတွေ ပေါ်လာလိမ့်မယ်၊ တောင့်တဲ့ ဝေဒနာတွေ၊ ထုံတဲ့ဝေဒနာတွေ၊ အောင့်တဲ့ ဝေဒနာတွေ၊ ကိုက်လာတဲ့ ဝေဒနာတွေ၊ သင်္ခတနဲ့ အသင်္ခတ၊ ဒကာမကြီးတွေ၊ ဒကာကြီးတွေ သဘောပေါက်လာအောင်လို့ ဘာသာလိုခွဲပြမယ်။ သင်္ခါရနဲ့ သင်္ခတဓါတ်နဲ့၊ အသင်္ခတဓါတ်၊ စိတ်ကလေးကို ခွဲပြချင်လို့၊ သဘောပေါက်လွယ်အောင်လို့၊ သင်္ခတကဘာလဲတဲ့။
တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ အောင့်တယ်ဆိုတာ၊ အဲဒီစိတ္တသင်္ခါရ၊ အဲဒါစိတ္တသင်္ခါရ တင်းတယ်၊ ထုံတယ်၊ တောင့်တယ်၊ ကျင်တယ်၊ မသိဘဲနဲ့ ဝေဒနာ တစ်လုံးတည်း သိနေရင်၊ စိတ္တသင်္ခါရချုပ်ပြီ။
ဝေဒနာတွင် ရပ်နေပြီ ဝေဒနာတဏှာမကူးတော့ဘူး၊
ဝေဒနာမှာ ဥပါဒါန်ခန္ဓာငါးပါး မဖြစ်တော့ဘူး။
အဲဒီပဋိစ္စ သမုပ္ပါဒ် ရပ်နေတဲ့စိတ်၊ ဝေဒနာကို ဥပါဒါန်ခန္ဓာ လွတ်တဲ့စိတ် ဝေဒနာ၊ ဝေဒနာမှန်းမသိဘဲ၊ သိတာကဘာလဲ၊ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်၊ ကျင်တယ်၊ ညောင်းလိုက်တာ ခြေသလုံးပဲ၊ ပေါင်ပဲ၊ ကိုယ်ပဲလို့ ဒီလိုသိတာ၊ ဒီအသိမျိုးကတော့ မိစ္ဆာအသိလို့ခေါ်တယ်။ အဝိဇ္ဇာအသိခေါ်တယ်၊ ပညတ်အသိခေါ်တယ်၊ ဒီအသိ ဒီအမြင်မျိုးကတော့ လူကုဋေတစ်သိန်း သေလို့တစ်ယောက်မှ လူပြန်မဖြစ်ဘူး၊ သေရင်ဒီဝေဒနာလာလိမ့်မယ် ဒီဝေဒနာကို ဝေဒနာမှန်းသိရင်သိ ဝေဒနက္ခန္ဓာကို သိရင်သိ ဝေဒနက္ခန္ဓာမှမသိလို့ရှိရင်၊ ဒီစိတ်နဲ့ သေရင်သွားရော အပါယ်လေးပါးကို၊ ဘာကြောင့်လဲတဲ့၊ ဝေဒနာသမာဓိမှမရှိဘဲ၊ ဝေဒနာပညာမရှိဘူး ဝေဒနသညာကြီး။
ဝေဒနာသညာ လွတ်ပြီးတော့၊ ဝေဒနာပညာကဘာလဲ၊ တောင့်တယ်၊ ထုံတယ် ဆိုတဲ့ စိတ်တွေချုပ်ပြီးတော့၊ ဝေဒနက္ခန္ဓာ ဝေဒနာတစ်လုံးတည်းသိနေတာ၊ ဝေဒနာပညာ၊ ဝေဒနာသညာ လွတ်ပြီးတော့၊ ဝေဒနာပညာဖြစ်ပြီ၊ စိတ္တသင်္ခါရချုပ်သွားပြီ တစ်လုံးတည်ပေးတာ များများမဟုတ်ဘူး၊ အဲဒိတော့ အရေးအကြီးဆုံးအချက်က ဒကာ၊ ဘုရားရင်ကိုယ်တော်မြတ်ကြီးလည်း ခန္ဓာငါးပါးလှူပြီးပြီ။ ကမ္မဌာန်းပြတဲ့ ပုဂ္ဂိုလ်လည်း ခန္ဓာငါးပါးကို လှူပြီးပြီ၊ အဲဒီတော့ ဒါနတွေလည်းရအောင်၊ သီလတွေလည်းရအောင်၊ ဘာဝနာတွေလည်းရအောင်၊ ဒါနအစ သီလအလယ် ဘာဝနာအဆုံးတဲ့ ပိုက်ဆံငါးပြားမှမကုန်ဘဲနဲ့ ဓမ္မဒါနဖြစ်ဖို့၊ ခန္ဓာမငဲ့ မကွက်ဘဲနဲ့ လှူလိုက်တဲ့ဒါန အရိုးကျေကျေ၊ အရေခမ်းခမ်း၊ လူသေရင်သေ၊ မသေရင်တရားရတဲ့၊ ဒီရုပ်ဝေဒနာအစ၊ အလယ်၊ အဆုံးကို ငါအသိလေးဆုံးအောင် လိုက်ကြည့်မယ်ဆိုပြီးတော့ ဓမ္မဒါနနဲ့ ပြုလိုက်တဲ့ဒါန ခန္ဓာမငဲ့ကွက်တဲ့ ဒါန အဲဒိဒါနက နိဗ္ဗာန်သွားလိမ့်မယ်။
ဒါနအစ၊ သီလအလယ်နဲ့၊ ရုပ်နာမ်ပေါ်မှာတည်ပြီးဆိုလို့ရှိရင် သီလလဲလုံပြီးသား ဖြစ်နေပြီ၊ ဘာဝနာက ဘယ်ဟာလဲတဲ့၊ ပွားများတာ၊ မင်းတင်းတယ်၊ တောင့်တယ် ထုံတယ်ဆိုတာ မရှိတဲံတရားပါကွာ၊ ရှိတာကမြင်နေတာက၊ ရုပက္ထန္ဓာ၊ အသူဘအရိုးစုကြီး၊ မိန်းမလဲမဟုတ်၊ ယောက်ျားလမဟုတ်၊ အသူဘတရားကြီး ဒီပေါ် ဦးစီးနေတာက ဝေဒနာက္ခန္ဓာ၊ ဝေဒနာတွေ ဝေဒနာတခုဖြစ်လာမှ သညာကပူတယ်၊ ကိုက်တယ်၊ ထုံတယ်ဆိုတာ၊ သ ညနက္ခန္ဓာ၊တွေဘဲ ဝေဒနာတခုဖြစ်လာမှ သညာနက္ခန္ဓာက သညာပေးမှ စွဲလမ်းခြင်း သင်္ခါရက ပြုပြင်ပေးလိုက်တာ အစနဲ့၊ အလယ်နဲ့၊ အဆုံးနဲ့မသိဘူး၊ ပြင်ပေးလိုက်တော့ ဒုက္ခဝေဒနာကို ဣရိယဖုံးလိုက်ပါရောဗျာ၊ ဒုက္ခသစ္စာမပြင်ဘူးဗျား၊ သေရင် ဘယ်သူကသတ်မလဲ၊ ဒီဝေဒနာက သတ်မယ်၊ ဒီဝေဒနာကသတ်ရင် နာတာလို့ ငါတော့ တော်ဦးမယ်၊ ဒင်းကြမ်းလာတော့ သေခါနီးဆဲဆဲကြတော့ ငါသတ်လိုက်လိမ်မယ်၊ စိတ်သာချ၊ အဲဒါဘာလဲတဲ့ အပါယ်လေးပါး၊ အပါယ်လေးပါး၊ အဲဒါကြောင့်မို့ အပါယ်လေးပါးကျရောက်မဲ့ အကုသိုလ်စိတ်တွေ ဖြစ်မှာစိုးလို့အဲဒီတော့ ဝေဒနာ၊ ဝေဒနာမှန်းသိပါ၊ တင်းတယ်၊ တောင့်တယ်၊ ထုံတယ်လို့မသိပါနဲ့။
အဲဒီတော့ အရေးကြီးဆုံးအချက်ကဘာလဲတဲ့ ဒကာဒကာမများသဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိ၊ ပညာ ဗိုလ်ငါးပါးရှိတယ်၊ ကျင့်တဲ့ပုဂ္ဂိုလ်တွေကလဲ သဒ္ဓါရှိဖို့ အရေးကြီးတယ်၊ ဘယ်ဟာလဲတဲ့၊ ဆရာခိုင်းတုင်းလုပ်မယ်၊ ငါဘရားလဲ ခန္ဓာငါးပါးလှူထားပြီးပြီ၊ ကမ္မဋ္ဌာာန်းပြတဲ့ ပုဂ္ဂိုလ်ကိုလဲ ခန္ဓာငါးပါးလှူပြီးပြီ၊ သေချင်လဲသေပေရော့၊ အခုတထိုင်မှာ ရုပ်ဝေဒနာ မကုန်မချင်း ဆရာခိုင်းတိုင်း လုပ်မယ်ဆိုတာ။ အဲဒါ သဒ္ဓါစိတ်ဘဲ၊ ဝိရိယတဲ့ နာမ်ကလေး အပြင်ဘက် ထွက်သွားမှာစိုးလို့၊ ပစ္စုပ္ပန် တည့်တည့်လေး နေအောင်လို့ ဝိရိယနဲ့၊ နာမ်လေးကအတိတ်၊ အနာဂတ်တွေကို တွေးလိုက်မဲ့ စိတ်ဖြစ်မှာစိုးလို့ ဝိရိယနဲ့မင်းမတွေးနဲ့၊ မတွေးနဲ့ဆိုတာ နာမ်ကလေးကို ထိန်းသိမ်း စောင့်ရှောက်တာ၊ သတိဆိုတာ ဘယ်ဟာလဲတဲ့၊ ဘယ်စိတ်လဲတဲ့၊ အကုသိုလ်စိတ် ဖြစ်သွားမှာစိုးလို့၊ ဝေဒနာတစ်ခု ပေါ်လာတယ် တင်းတာပေါ်လာမယ်၊ တင်းတယ်လို့ သိလိုက်မှာစိုးလို့၊ တောင့်တာပေါ်လာရင် တောင့်တယ်လို့ သိလိုက်မှာစိုးလို့ ပူတာပေါ်လာရင် ပူတယ်လို့ သိလိုက်မှာစိုးလို့ ယိုကျတာပေါ်လာရင် ယိုကျတယ်လို့ သိလိုက်မှာစိုးလို့ အဲဒိစိတ်ကလေးကို တင်ထားလိုက်တာ၊ အကုသိုလ်စိတ်ကို ဝိပဿနာပညာ၊ မဂ်ပညာနဲ့နေပြီး ကမ္မာဝါစရ ကုသိုလ်စိတ်ကလေးကို တင်ထားလိုက်တာ၊ အကုသိုလ်စိတ်ကနေပြီး ကုသိုလ်စိတ်ကို ဝေဒနာပေါ်တင်လိုက်တယ် (အဲဒါဘာလဲ၊ သတိ သတ်) အဲသဒ္ဓါရယ်၊ ဝိရိယရယ်၊ သတိရယ်၊ စာထဲက ဗိုလ်ငါးပါးတော့ မသိပါဘူး၊ အကျင့်နယ်က စိတ်ကနေပြီး ကုသိုလ်သိရမယ်၊ စိတ်အလုပ်တွေ၊ ဝိပဿနာလုပ်မယ်၊ သဒ္ဒါဆိုတာ ဘယ်စိတ်လဲ။ အရှိးအကြေကြေ အရေခမ်းခမ်း သေချင်လဲသေရော၊ ငါမှ မဟုတ်ဘဲ ဝေဒနာပါလား။
အဲမပြုပြင်ပေးန့နော်၊ ဒကာမကြီးတွေ၊ အဲသဘောလေးကို ဆုံးအောင်လိုက်ကြည့်မှာ မပြုပြင်ပေးနဲ့ နာလို့ပြုပြင်တာ၊ သေခါနီးဆဲဆဲ ပြုပြင်လို့ မရဘူး၊ အဲ တစ်ထိုင်ထဲနဲ့အပါယ်လေးပါး လွတ်အောင်လို့ ဝေဒနာတစ်ခု ဖြစ်လာရင်၊ ပြင်းပြင်းလေး ရှူသွား၊ ရှူရမှလည်း မရှက်ပါနဲ့၊ သေတော့ ရှက်လို့ ဖြစ်သေးလား၊ နှပ်တွေ၊ သွေးတွေ၊ မေးတွေ ပါးတွေရွဲ့ပြီး အော့အန်ပြီး သေရော၊
အဲဒါတော့မရှက်ဘူးလား၊၊ တရားထိုင်တာရှက်ဘို့ မလိုပါဘူး၊ ကြောက်ဘို့ မလိုဘူး၊ အသေကျင့်နေတာ၊ နိဗ္ဗာန်ရဘို့ မဟုတ်သေးဘူး၊ တရားထိုင်တာက သောတာပန်ဖြစ်ဘို့ မဟုတ်ဘူး၊ သကဒါဂါမ်ဖြစ်ဘို့မဟုတ်သေးဘူး၊ အနာဂါမ်ြဖစ်ဘို့ မဟုတ်သေးဘူး၊ နှိဗ္ဗာန်လိုချင်လို့ မဟုတ်သေးဘူး၊ အသေကျင့်နေတာ၊ သေတတ်ဘို့ဟာကို စိတ်ကလေးကို၊ အကုသိုလ်စိတ်ကနေ၊ ကုသိုလ်စိတ်ကလေးကို ပြောင်းနေတာ၊ ဒီတထိုင်မှတော့ ငါးပါးသီလလဲ လုံသွားအောင် သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိ ပညာ ဗိုလ်ငါးပါးလဲရအောင် သေချင်လဲသေရော့၊ သူ့သဘော ငါဆုံးအောင် လိုက်ကြည့်မယ် ဆိုပြီးတော့ ဝေဒနာတစ်ခု ဖြစ်လာရင် ပြင်းပြင်းလေးရှူသွား၊ ပြင်းပြင်းလေး ရှူသွားပြီဆိုရင်၊ ဒီဝေဒနာကို၊ သမာဓိမှ နိုင်မယ်။
နှာသိးဖျားက တွန်းတယ်၊ ကန်တယ်သိနေရင် ဝေဒနာမသိဘူး၊ ဝေဒနာသိနေရင် နှာသိးဖျားမသိဘူး၊ အဲဒိတော့ဘာနဲ့ တူလိုက်သလဲဆိုရင်၊ ဝေဒနာ သိပ်ပြင်းထန်လာတော့ နှာသီးဖျား ပြင်းပြင်းလေး ရှူလိုက်တာဘဲ၊ အဲဒီမှာ ချိန်လိုက် တာဘဲ၊ ဒိနာမ်လေးဟာ ဘယ်မှမပြေးဘူး၊ နှာသီးဖျားသိလိုက်တာက သုခ၊ ဝေဒနာ၊ ဝေဒနာခံစားတာက ဒုက္ခ၊ ဒုက္ခဝေဒနာဆိုတာ ဓာတ်ကြီးလေးပါးပေါ်က လာတဲ့ဝေဒနာ ခံစားတာ နှာသီးဖျားသွားပြီး သိလိုက်တာက သုခဝေဒနာ၊ နာမ်ဟာ ဒုက္ခဝေဒနာနဲ့၊ သုခဝေဒနာ၊ ဝေဒနာခံစားတာလဲရှိတယ် အဲဒီတော့နာတယ်၊ ကိုက်တယ်၊ ထုံတယ်၊ ကျင်တယ်၊ အောင့်တယ်၊ ယားတယ်၊ လှုပ်တယ်၊ ညောင်းတယ်၊ အဲဒီအသိမျိုးကိုတော့ လူသေလို့ လူမဖြစ်တဲ့တရား သဒ္ဒါနဲ့ထိုင်ပါ၊ အခုဟာ အသေကျင့်နေလို့ ကမ္မာဝါစရ ကုသိုလ်စိတ်ကလေးကို တင်ပေးတာ၊ ကြပ်တယ်လို့ သိလိုက်ရင် အကိုသိုလ်စိတ်၊ ဝေဒနာတစ်လုံးထဲ သိလိုက်တာက ကာမာဝစရ ကုသိုလ်စိတ် ငွေကုန်ပြီး၊ ပင့်တဲ့လူပင့် ပါရက်သားနဲ့၊ မလုပ်နိုင်ဘူးဆိုရင်၊ ပင့်တဲ့လူ တာဝန်လဲမဟုတ်ဘူး၊ ပြတဲ့ပုဂ္ဂိုလ်တာဝန်လဲ မဟုတ်ဘူး၊ မကျင့်မကြံ နင်လား ငါလားမလုပ်ဘူးဆိုလို့ရှိရင် ဒကာကြီးတွေ၊ ဒကာမကြီးတွေ တာဝန်ဘဲ။
အဲဒီတော့အရေးအကြီးဆုံးအချက်က သဒ္ဒါရယ်၊ ဝိရိယရယ်၊ သတိရယ်၊ သမာဓိ၊ ပညာဆိုတဲ့ ဗိုလ်ငါးပါးကား၊ ထုံတယ်ဆိုတဲ့စိတ်၊ အောင့်တယ်ဆိုတဲ့စိတ်၊ ကိုက်တယ်ဆိုတဲ့စိတ်၊ စိတ္တ ဝေဒနာပါလားလို့ ဒီလိုသိရမယ်၊ မြင်တာက ရူပက္ခန္ဓာ အသုဘ အရိုးစုကြီး၊ ဒိပေါ်ဦးစီးနေတာက ဝေဒနက္ခန္ဓာ တလုံးထဲသိ။
ကိုက်လာတာလဲ ဝေဒနာသာ သိလိုက်ကြ
အောင့်လာပြန်လဲ ဝေဒနာသာ သိလိုက်ကြ
ကြပ်လာပြန်လဲ ဝေဒနာသာ သိလိုက်ကြ
ချွေးတွေယိုကျလာလဲ ဝေဒနာသာ သိလိုက်ကြ
ပူလာပြန်တော့လဲ ပူတယ်လို့ မသိလိုက်နဲ့ ဝေဒနာသာသိလိုက်ကြ
တစ်လုံးထဲ တလုံးထဲ များများပေးတာ မဟုတ်ဘူး၊ ဝေဒနာတလုံးထဲသိ။
တင်းတယ်ဆိုတဲ့စိတ် တောင့်တယ်ဆိုတဲ့စိတ်
ထုံတယ်ဆိုတဲ့စိတ် အောင့်တယ်ဆိုတဲ့စိတ်
အဲဒီစိတ္တသင်္ခါရတွေ ချုပ်သွားအောင် ဝိဇ္ဇာခန္ဓာငါးပါး၊ ဝိဇ္ဇာစိတ်ဖြစ်အောင်၊ ပညာဖြစ်အောင် ဪမြင်တာက ရူပက္ခန္ဓာ၊ ခံစားမှုသဘောက ဝေဒနက္ခန္ဓာ၊ ဝေဒနာပါလား။
တင်းတာလဲ ဝေဒနာပဲ တောင့်တာလဲ ဝေဒနာပဲ
ထုံတာလဲ ဝေဒနာပဲ ကိုက်တာလဲ ဝေဒနာပဲ
ကြပ်တာလဲ ဝေဒနာပဲ အေးတာလဲ ဝေဒနာပဲ
အေးတာလဲ ဝေဒနာပဲ လှုပ်တာလဲ ဝေဒနာပဲ
ဝေဒနာတလုံးထဲသိ၊ စိတ္တသင်္ခါရချုပ်ပါပြီဗျား၊ အဲဒါ မဂ်စိတလို့ခေါ်တယ်၊ အဲဒါဝေဒနာ တဏှာမကုးလို့ရှိရင် ဥပါဒါန် လွတ်နေပြီ ဥပါဒါန် ချုပ်နေပြီဆိုရင် ဘဝချုပ်ရင် ဇာတိပါချုပ်၊ တလုံးတဲ တလုံးထဲ၊ တလုံးထဲ များများပေးတာ မဟုတ်ဘူး၊ အသေတတ်ဘို့ဟာကို ဝေဒနာတလုံးထဲ၊ ဘာဘဲပေါ်ပေါ် ဝေဒနာတလုံးထဲသိပါ။ ပြင်ချင်တဲ့စိတ် တွေကို မဖြစ်စေနဲ့။ ပြင်ချင်လာလို့ရှိရင် ရှေ့စိတ်ကတော်ချင် နောက်စိတ်ကတွန်း ဪ ငါမမဟုတ်ဘဲ၊ တင်းတယ်လို့ သညာပေးလိုက်ရင်း၊ တင်းတာကြီး စွဲလမ်းသွားရော၊ တင်းတယ်လို့ မခံစားချင်တဲ့ဒေါသ တင်းတာကြီး ကပ်ငြိလိုက်တာက လောဘ၊ ဒိဋ္ဌိနဲ့ တဏှာ လွတ်သေးလား၊ အပယ်လေးပါး လေးဘက်ထောက်ပြီး ကျသွားပြီး ပစ္စုပ္ပန်တည့်တည့်လေးကို ဝေဒနက္ခန္ဓာတလုံးထဲသိ၊
တင်းတာပေါ်လဲ ဝေဒနာ
တောင့်တာပေါ်လဲ ဝေဒနာ
ထုံတာပေါ်လဲ ဝေဒနာ
အောင့်တာပေါ်လဲ ဝေဒနာ
ကိုက်တာပေါ်လဲ ဝေဒနာ
ကြပ်တာပေါ်လဲ ဝေဒနာ
ပူတာပေါ်လဲ ဝေဒနာ
အေးတာပေါ်လဲ ဝေဒနာ
လှုပ်တာပေါ်လဲ ဝေဒနာဆိုတော့
ဟော့ သမာဓိရပြီး၊ အကုသိုလ်စိတ်ချုပ်ပြီးတော့ ကုသိုလ်စိတ်လေး၊ ကာမာဝစရ ကုသိုလ်စိတ်တလုံးထဲဖြစ်၊ အဲ သမာဓိတည်ပြီး မပြောင်းရွှေ့တော့ဘူး၊ ဝေဒနက္ခန္ဓာဝေဒနာတလုံးထဲကျန်၊ ကာမဝစရကုသိုလ်စိတ် ခေါ်တယ်ဗျား၊ ဝေဒနာတခု ဖြစ်လာလို့ရှိရင် ပြင်မယ်ဆိုလို့ရှိရင် ဒိဋ္ဌိဘယ်တော့မှ မပြုတ်ဘူး သေရင်လဲ အပါယ်မလွတ်ဘူး၊ အဲဒီဝေဒနာတစ်ခု ဖြစ်လာရင် ပြင်ပြင်းလေးစရှူသွား၊ နှာသီးဖျားပြေး သိလိုက်၊ ဝေဒနာသိလိုက်၊ နှာသီးဖျား ပြေးသိလိုက်၊ ဝေဒနာသိလိုက်နဲ့ ဒုက္ခနဲ့ သုခခံစားနေတဲ့ သဘောလေး တွေ့လိမ်မယ်၊ နှာသီးဖျား ပြေးသိလိုက်တာက သုခ၊ ဓာတ်ကြီးလေးပါး ရုပ်ဝေဒနာကို သိလိုက်တာက ဒုက္ခ၊ ဪ နာမ်တရားဟာ ဒုက္ခနဲ့ သုခ ခံစားနေပါလား၊ ခံစားခြင်း သဘောတရားဟာ ဝေဒနက္ခန္ဓာပဲ၊ ဝေဒနက္ခန္ဓာသည် နာမ်ပဲ နာမ်ဟာဒုက္ခ နဲ့သုခခံစားနေပါလား (ပစ္စုပ္ပန် ဝိဉာဉ်စိတ်ကလေးက ဘယ်လိုလဲဆိုတဲ့သဘောလေးကြည့် သဘောလေး တွေ့လိမ့်မယ်) ဖိုလ်စိတ် ဖြစ်သွားလိမ့်မယ်၊ တင်းတာပေါ်လဲ ခံစားတယ်၊ ခံစားတဲ့ သဘော သက်သက်ကလေး၊ တောင့်တာပေါ်လဲ ခံစားတယ်၊ ခံစားတဲ့သဘော သက်သက်ကလေး၊ ထုံတာပေါ်လဲ ခံစားတယ်၊ ကြပ်တာပေါ်လဲ ခံစားတယ်၊ ယိုကျလာတော့လဲ ခံစားတဲ့သဘော သက်သက်ကလေးလဲ ရှိတော့တယ်၊ (အဲဒီလို သိသွားပြီဆို ဖိုလ်စိတ်ဖြစ်ပါပြီဗျား) နာမ်၏ သာမည လက္ခဏာလေးကို ခံစားတဲ့သဘော သက်သက်ကလေးကို သိလိုက်ရင် အဲဒါဖိုလ်စိတ်ဘဲ၊ လွတ်နေပြီ၊ မိစ္ဆာဒိဋ္ဌိကြီးပြုတ်ပြီး၊ အဲဒီအသိလေးနဲ့ သေကြမယ်ဆိုလို့ရှိရင် သမီးတို့ သားတို့ရေ ငါသေရင်သပိတ် မသွတ်နဲ့တော့လို့ပြောနိုင်ပြီ။
ပဋိစ္စသမုပ္ပါဒ် လွတ်မြောက်သွားပြီ၊ စိတ်တွေနော်၊ စိတ်တွေလာပြီး ပြင်ပေးတာ၊ ပျက်ရင်အစဉ်ပြင်ရင်ခဏ၊ စိတ်ကကလေးတွေမှဒီလိုမပြင်လို့ရှိရင် အပါယ်မလွတ်ဘဲ၊ ဝေဒနာသညာ၊ ဝေဒနာပညာ၊ ဝေဒနာသညာလွတ်ပြီး ဝေဒနာပညာ ဖြစ်အောင်လို့ အသိပေးတာ၊ သေတတ်ဖို့ဟာကို တခါထဲ စိတ်ကလေးကို ပြင်ပေးတာ၊ အာရုံ (၅) ပါး၊ အာရုံ (၆) ပါးနဲ့ တိုက်ခိုက်တိုင်း၊ တိုက်ခိုက်တိုင်း၊ ဝေဒနာသညာလွတ်ပြီး ဝေဒနာကို လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ တရားတွေ မရှိတော့ဘူး၊ ဘယ်တော့မှ ငါ အပါယ်လေးပါး မကျရောက်ဘူး၊ အဲဒီလို သိလိုက်တာဘာလဲ ဝိဇ္ဇာပညာဘဲ၊ ပစ္စုပ္ပန်ဝေဒနာ တခုပေါ်လာရင် တင်းတာပေါ် ခံစားတယ်၊ တင်းတယ်လို့ မသိတော့ဘူး၊ ခံစားတက်တဲ့ သဘော သက်သက်ကလေး၊ သဘောလေးသိ၊ ငြိမ်ဝပ်ပိပြားပြီး ငြိမ်သက်နေတာလဲ ခံစားတယ်၊ ခံစားတဲ့သဘော သက်သက်ကလေး ဖြစ်နေပြီ၊ အဲဒါဘာလဲတဲ့ ဖိုလ်စိတ်၊ ဖိုလ်စိတ်ဆိုတာဘာတဲ့လဲ၊ မိစ္ဆာဒိဋ္ဌိ ဥပါဒါန်ခန္ခာငါးပါး၊ အပါယ်လေးပါး ကျရောက်မဲ့ အဝိဇ္ဇာခန္ခာ ငါပါးချုပ် ဝိဇ္ဇာငါးပါး ဖြစ်နေပြီ၊ ခုဟာက ဝိဇ္ဇာခန္ခာငါးပါး တလုံးပဲရှိတော့တယ်၊ အဝိဇ္ဇာချုပ်တယ်၊ ဝိဇ္ဇာကျန်တယ်၊ ခံစားတယ် ဆိုတယ်ဆိုတော့ သောတာပတ္တိမဂ်၊ သောတပတ္တိဖိုလ်ဆိုတာ ဝိဇ္ဇာခန္ခာငါးပါးဖြစ် တစ်လုံးထဲ။
အဲဒါကြောင့်မို့လို့သေသေချာချာ ဘာသာစကားနဲ့ ဘာသာလိုသင်ပြီးတော့စိတ်တွေကို ပြင်ပေးလို့မှ နင်လား ငါလားမှ မလုပ်လို့ရှိရင်
မျက်စိကလဲသညာလိမ်တယ်၊
နားပေါက်ကလဲ သညာလိမ်တယ်၊
နှာခေါင်းပေါက်ကလဲ သညာလိမ်တယ်၊
ကိုယ်ပေါက်ကလဲ သညာလိမ်တယ်
မနောကလဲ သညာလိမ်တယ်၊
အဲဒါသညာအလိမ်မခံကြနဲ့တော့
အဇ္စုတ္တတသန္တာန်ကနေပြီးတော့ဧကောဓမ္မော သမုစ္ဆေဒရသွားပြီ၊
နာမ်ဖြစ်ပျက်ဆုံးနေပြီ၊ ဝိဉာဏ်စိတ်ကလေးပဲရှိတော့တယ်၊ ပစ္စုပ္ပန်ပကတိ၊ ဝိဉာဏ်စိတ်တခုထဲရှိတော့တယ်၊ အဲဒါဓမ္မသဘောကြီး၊ အဲဒါမှဖိုလ်စိတ်ခေါ်တယ်၊ ဖိုလ်ဆိုတာမေ့နေတာ မဟုတ်ဘူး၊ အဝိဇ္ဇာကနေရာကို ဝိဇ္ဇာကနေရာယူလိုက်တာ၊ နတ်ပြည်(၆) ထပ်သွားချင်တော့ ဘယ်စိတ်နဲ့သွားမလဲ၊ ဗြဟ္မာနှစ်ဆယ်သွားချင်တော့ ဘယ်စိတ်နဲ့ သွားမလဲ၊ နိဗ္ဗာန်သွားချင်တော့ ဘယ်စိတ်နဲ့သွားမလဲ၊ အကုသိုလ်စိတ်၊ ကိုသိုလ်စိတ်။ ကုသိုလ်စိတ်လွတ်တဲ့စိတ်က နိဗ္ဗာန်၊ အခုဟာက ကာမာဝစရ ကုသိုလ်စိတ်၊ ကုသိုလ်စိတ်ဆိုတော့ ဗြဟ္မပြည်၊ အဲဒီတော့ စိတ်တွေကို သိပါမှ၊ ဒီစိတ်တွေမှ မသိလို့ရှိရင်၊ သေခါနီးဆဲဆဲကျ၊ ငါစိတ်နဲ့သေလို့ရှိရင်ငါသာခံကြတော့၊ အဲဒါကြောင့်မို့လို စိတ်ကလေးကို ပြင်ပေးနေတာ။
ရုပ်ဝေဒနာ အစ၊ အလယ်၊ အဆုံးမှ ကာယသတိပဋ္ဌာန် ကနေပြီး၊ ဝေဒနာသတိပဋ္ဌာန် နာမ်ပြောင်းတယ်၊ ဝေဒနာ ကုန်ဆုံးသွားတော့ စိတ်ကလေးက တည်ငြိမ်ပြီး အအေးဓာတ်ကလေး ခံစားတယ်၊ အဲဒီစိတ်ကလေးဟာ တည်ငြိမ်ပြီး အအေးဓာတ်ကလေး ခံစားတယ်၊ ချမ်းသာတယ်၊ အဲဒီးစိတ်ကလေး၊ စိတ္တသတိပဋ္ဌာန်း တကြိမ်တခါ ရောက်ဘူးတဲ့ပုဂ္ဂိုလ် အပါယ် လွတ်တယ်။
ဘာနဲ့ ဥပမာတူသလဲလို့ဆိုရင် ရေကြည်ကြည် ရေအိုင်ခွက်ထဲမှာ ဖါးသူငယ်များ မလှုပ်မယှက်ဘဲနဲ့နေသလို၊ စိတ်ကလေးဟာ ဒုက္ခဝေဒနာတွေ ကုန်သွားတော့၊ တခါထဲချမ်းသာနေတယ်၊ အဲဒီလိုဒုက္ခဝေဒနာတွေ ကုန်ဆုံးသွားတော့၊ စိတ်ကလေးဟာ တည်ငြိမ်ချမ်းသာတော့ သုဂတိဘုံ နတ်ပြည်(၆)ထပ်ကို ရောက်ပါပြီဗျား၊ တထိုင်းထဲနဲ့ လွတ်တယ်။
မသိလို့ ပြုပြင်တာမဟုတ်ဘူး၊ သိလိုပြောတာ၊ မသိဘဲနဲ့ လာပြီးတော့ တရားမပြဘူး သိလို့လာပြတာ အဲဒီတော့ လုပ်ချင်လုပ်ကြ အပါယ်လေးပါး မကျချင်ရင် ခံစားတတ်တဲ့ သဘေားသိပြီး အစနဲ့၊ အလယ်နဲ့၊ အဆုံးနဲ့ လိုက်ဆင်ခြင်လိုက် ဦးပဉ္စင်းကတော့ နောက်ပိတ်ဆုံး သာသနာ ဒီမယ်ညှာနိုင်ဘူး၊ အကုသိုလ်စိတ်နဲ့ ကုသိုလ်စိတ်နဲ့ လာပြီးတော့ ပြုပြင်ပြီးတော့ သာသနာကြီးရှင်းတာပဲ။
အဲဒါလုပ်ကြ မလုပ်ဘဲနဲ့တော့ မနေနဲ့၊ အဲဒါအပင်ပန်းခံပြီးတော့ အသံကိုနာအောင်အော်ပြီး ပြောနေတာ သဒ္ဒါစေရစေချင်လွန်းလို့၊ ငါတရားပြရင်နဲ့ ခန္ခာပျက်ချင်ပျက် ဆိုပြီေးတာ့ဒီဦးပဉ္ဇင်းကြီးက နင်လား၊ ငါလား၊ ပြနေတဲ့ဥစ္စာ ဒို့က အပါယ်လေးပါး လွတ်အောင် တထိုင်ထဲနဲ့ မလုပ်နိုင်ဘူးလား၊ သဒ္ဒါရှိဘို့အရေးကြီးတယ် လုပ်နိုင်ရမှာပေါ့၊ သေချင်လဲ သေရော့ တစ်နာရီ တစ်နာခွဲ နှစ်နာရီလောက်ဟာ အပါယ်လေးပါး လွတ်မြောက်အောင်ဟာကို ဒို့မလုပ်နိုင်ဘူးလား၊ မလုပ်နိုင်ဘူးလား၊ သေရင်ဘယ်စိတ်နဲ့ သေမလဲ ဆိုတာရော့၊ ဝေဒနာသည်မမြဲဘူတဲ့၊ ဘုရားက ဖြစ်လာရင်ပျက်ရမဲ့တရား၊ ပူတာရှိရင်မပူတဲ့သဘောတရား၊ အောင့်တာရှိရင် မအောင့်တဲ့ သဘောတရား၊ ဒုက္ခတွေ့လို့ရှိရင် သုခတွေ့လိမ့်မယ်၊ ထုံတာရှိရင် မထုံတဲ့သဘော၊ ယိမ်းယိုင်တာရှိရင် မယိမ်းယိုင်တဲ့သဘော၊ အဲဒီ သဘောတရားလေးတွေကို ထိုးသွင်းပြီးတော့ ဒုက္ခ၊ သုခဆိုတာ သေသေချာချာ မြင်လာပါလိမ့်မယ်၊ ဪ နိဗ္ဗာန်ဆိုတာ အပြင်ဘက်မှာ ရှိတာ မဟုတ်ပါလား၊ ဒုက္ခနဲ့ သုခဆိုတာ ဘယ်မှာလဲ၊ ခန္ဒာထဲမှာရှိပါလား၊ ဒုက္ခဆိုတဲ့ ဥစ္စာ၊ ရုပ်နာမ်ဖြစ်လာရင် ဒုက္ခ၊ ရုပ်နဲ့နာမ်ချုပ်သွားရင် သုခ၊ နိဗ္ဗာန်ဆိုတာ အပြင်ဘက်မှာ မပါလာ၊ ဒုက္ခလွတ်မြောက်ရင် သုခဆိုတာ နိဗ္ဗာန်ဘဲ ဆိုတာသိရောဗျား။
ခန္ဓာမှာရှာ၊ နိဗ္ဗာန်ရှာရင် ဘယ်မှာရှာမလဲ၊ ခန္ဓာမှာရှာ၊ အပြင်ဘက်မှတော့ မဟုတ်ဘူး ခန္ဓာခဲမှာနဗ္ဗာန်ရှိလိမ့်မယ်၊ ငြိမ်းအေးတဲ့သဘောတရား တဏှာငြိမ်နေတဲ့သဘောတရာား၊ ဒိဋ္ဌိပြုတ်တဲ့သဘောတရား၊ ကိလေသာခေါင်းပါးနေတဲ့သဘောတရား ယိုစီးခြင်းကိလေသာဒုက္ခ၊ သုခလွတ်ပြီးတော့ အာသဝ(အာသဝေါ) ခမ်းခြောက်နေတဲ့ သဘောတရား၊ ဒီခန္ဓာထဲမှာငြိမ်းအေးနေတဲ့သဘောတရားတွေ တွေ့နေတဲ့သဘောတရား၊ ဒီခန္ဓာထဲမှာ ငြိမ်အေးတဲ့သဘောတရားတွေ့လိမ်မယ်၊ (နိဗ္ဗာန်အပြင်ဘက်ကို မရှိဘူး)တဏှာငြိမ်းအေးတယ်၊ ဒုက္ခ၊ သုခလွတ်နေတယ်၊ တဏှာဖြစ်နေတဲ့စိတ်၊ တဏှာလွတ်မြောက်ငြိမ်းအေးနေတဲ့စိတ်၊ ဒိဋ္ဌိဖြုတ်နေတဲ့စိတ်၊ ဒိဋ္ဌိပြုတ်နေတဲ့စိတ်၊ တဏှာဖြစ်နေတဲ့စိတ် တဏှာငြိမ်းအေးနေတဲ့စိတ်၊ ဥပါဒါန်ဖြစ်နေတဲ့စိတ်၊ ဥပါဒါန်ချုပ်နေတဲ့စိတ်၊ အဲဒီစိတ် တွေသိလိုက်လို့ရှိရင် နိဗ္ဗာန်မြင်ပြီးဗျား။
ဘုရားက ဘယ်မှာရှာလဲ၊ ခန္ဒာထဲမှာ၊ အဲဒီသဘောတရား ဘယ်မှာရှိသလဲတဲ့၊ ခန္ဓာမှာရှိတယ်၊ ခန္ဓာမျာရှာရင် ပရမက်တွေ့မယ်၊ အပြင်ဘက်မှာ ရှာရင် ပညတ်တွေ့မယ်။ ပညတ်သိ၊ နှစ်မျိုးသိတာ၊ ပညတ်သိက မရှိတရားအသိ၊ ပညတ်သိက သမုဒယသစ္စာ၊ ပရမတ်သိကဘာလဲတဲ့ ရှိတဲ့သစ္စာ ခန္ဓာမှာရှာတာက ပရမတ်သစ္စာ အဲဒီတော့ သမုတိသစ္စာနဲ့ ပရမတ်သစ္စာ နှစ်နယ်ဟာ ပညတ်နဲ့ပရမတ်ပဲ၊ ပညတ်အသိ ပရမတ်တွေ့လိမ့်မယ်၊ သဘောတရား၊ သဘောဟုတ်တော့ လောကုတ်၊ သဘောတရားပဲရှိတယ်၊ ဒီသဘောတရားဟာ ဝေဒနာ သဘောတရားပဲ ရှိတယ်။
ခံစားတဲ့သဘော သက်သက်ကလေးဘဲ ရှိတယ်၊ အဲဒီခံစားတဲ့သဘော သက်သက်ကလေး တစ်လုံးထဲကို ဧကောဓမ္မောတခုထဲ တည်အောင်၊ နှလုံးသွင်းလိုက်၊ ဘယ်တော့မှ ငါအပါယ်လေးပါး မကျတော့ဘူးလို့၊ ဝေဒနာတဏှာ မရှိတော့ဘဲ၊ ဝေဒနာတဏှာ မကူးတော့ဘူး၊ ဒါကြောင့်မို့လို့ အသေတတ်ပါတယ်လို့ ကြိုးစားအားထုတ်ကြပါလို့ အသိပေးပါ တယ်ဗျား၊ ဝိပဿနာဆိုတာ အသေကျင့်တဲ့တရား၊ အသေကျင့်နေတာ တော်တော်ကြာသေရမှာ အခုထဲက အလေ့အကျင့်လုပ်ပြီး အသေကျင့်နေရတဲ့တရား၊ နိဗ္ဗာန်လိုချင်လို့ ကျင့်တဲ့ တရားမဟုတ်ဘူး၊ နိဗ္ဗာန်ရောက်တာက သူ့ဟာသူ ရောက်လိမ့်မယ်၊ သေပင်သေရသော်လည်း အသိလေးနဲ့သေဘို့ ဟာကို အရေးကြီးတယ်၊ အဲဒါကြောင့်မိုလို့ ကြိုးစား အားထုတ်ကြပါလို့ အသိပေးပါတယ်ဗျား၊ ဝေဒနာ၏ သဘောတရား ကိုအစနဲ့၊ အလယ်နဲ့ အဆုံးနဲ့သဘောလေး ဆုံးအောင်လိုက်ပါ။ သဘောကို ဆုံးအောင်လိုက်ကြည့်ပါ။ ဝေဒနာနာမ် ဘယ်လို ခံစားသလဲဆိုတော့ သူ့သဘောကို လိုက်ကြည့်၊ သဘောလေးကို ဆုံးအောင်လိုက်ကြည့်၊ ဝေဒနာမကုန်ရင်မထနဲ့၊ တထိုင်တဲနဲ့ အပါယ်လွတ်အောင်လို့ ပေးနေတာ၊ လျှော့မပေးနဲ့ လျှော့ပေးလိုက်ပြီဆို ဝေဒနာအရှုံးပေးလိုက်ပြီ ဆိုလို့ရှိရင် ကိုယ်ကျိုးနည်းပြီ၊ ဒီဝေဒနာဆိုတာလဲ မြဲတဲ့တရား မဟုတ်ဘူး၊ မမြဲတဲ့တရားလို့ဘုရားကဟောထားတယ်၊ မမြဲဘူး၊ ဒလစပ်ကြီး ပြောင်းလွဲနေတဲ့၊ ဖေါက်ပြန်နေတဲ့ရုပ် အဲဒိတော့၊ ရုပ်၏သဘော၊ ပြောင်းလွဲဖေါက်ပြန်နေတဲ့ ရုပ်ဟာ ဘယ်လို နာမ် ခံစာသလဲဆိုတာ လိုက်ရမည်။ နာမ်ဘယ်လို ခံစားသလဲဆိုတာ ခံစားတဲ့သဘောလေးကို သေသေချာချာလိုက်ပါ။ တထိုင်ထဲနဲ့ လွတ်မြောက်သွားအောင် လျော့မပေးပါနဲ့။ ထိုင်နေတဲ့ပုဂ္ဂိုလ်တွေ ဝေဒနာမကုန်တဲ့ ပုဂ္ဂိုလ်တွေ ရှိပါသေးတယ်၊ လိုက်နေရတဲ့ ပုဂ္ဂိုလ်တွေရှိပါသေးတယ်၊ အခုနေအခါမှာ ဝေဒနာခံစားနေရတာ၊ နာမ်ကလေးဘယ်မှ မပြေးအောင်လို့ အသေတတ်ဘို့ ကျင့်နေရပါတယ်၊ အဲဒီတော့ နာမ်ကလေးဟာ သေခါနီးဆဲဆဲ ဒီဝေဒနာကို ဘယ်လိုသိပြီးတော့ အသိကလေးဆုံးအောင် လိုက်နေရတယ်၊ နာမ်ကလေးအပြင်ဘက်ထွက်သွားပြီဆိုရင် မြင်မိမြင်ရာတွေ မြင်လိုက်လိမ့်မယ်၊ ညွတ်မိညွတ်ရာတွေ ညွတ်လိုက်လိမ့်မယ်၊ ရေတွေ ညွတ်မယ်၊ တောတွေ ညွတ်မယ်၊ ခွေးတွေမြင် ခွေးတွေညွတ်လိမ့်မယ်၊ အဲဒီလိုညွတ်မှာစိုးလို့၊ အခုဝေဒနာအစနဲ့ ဝေဒနာမကုန်ရင် မထနဲ့၊ ဝေဒနာကို ကုန်မှထ၊ အဲဒိသဘောတရားလေးတွေ ကုန်စင်အောင်ကြည့် သဘောဆုံးမှထပါ၊ အရိုးကြေကြေ အရေခမ်းခမ်း၊ သေချင်လဲသေရော့ဟာ ဆိုတဲ့ အဲဒီစိတ်ကို ထားပါ၊ သဒ္ဓါအရေးကြီးပါတယ်၊ ဒီအချိန်မှာ သဒ္ဓါဘဲ၊ မတော်လိုက်ပါနဲ့၊ ဝေဒနာမကုန်မချင်း မထပါနဲ့၊ တစ်ထိုင်းတည်းနဲ့ပဲ အပါယ်လေးပါး လွတ်မြောက်အောင်လို့ ဒီမယ် စိတ်တွေ ပြင်ပေးနေပါတယ်။
Last Updated (Thursday, 10 December 2009 11:04)


