|
မှတ်တမ်းများ - အလှူမှတ်တမ်း |
ကျေးဇူးရှင် သဲအင်းဂူ ဆရာတော်ဘုရားကြီးအား အမှူးထား၍ သဲအင်းဂူဝိပဿနာ ကမ္မဌာန်းကျောင်းအတွက် လိုအပ်သည်များ သုံးစွဲနိုင်ရန် အမေရိကန်နိုင်ငံမှ ကိုရဲဝင်းသန့်က အလှူငွေ ဒေါ်လာ (၁၀၀)ကို Paypal မှ တစ်ဆင့် လှူဒါန်းသဖြင့် လက်ခံရရှိပါသည်။ သဲအင်းဂူ ကမ္မဌာန်းကျောင်း မှော်ဘီဌာချုပ်သို့ လွဲပြောင်းလှူဒါန်းပြီး ဖြစ်ပါသည်။ ဤသို့ လှူဒါန်းရသော အကျိုးအားကြောင့် နိဗ္ဗာန်ကို ခုဘဝမှပင် မျက်မှောက်ပြုနိုင်ပါစေကြောင်းနှင့် သူတော်ကောင်း တရားများကို ပွားများ အားထုတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ အခြားလှူဒါန်းလိုသည့် အလှူရှင်များသည်လည်း Paypal မှ တစ်ဆင့် လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ပြီး နိုးဆော်အပ်ပါသည်။