သဲအင်းဂူဆရာတော် ဘုရားကြီး ချီးမြှင့်တော်မူခဲ့သည့် ကမ္မဋ္ဌာန်းများ
| ဆရာတော်ဘုရားကြီး - စာသားတရားတော်များ |
ယနေ့ သိပ္ပံခေတ် ပညာရှင်များ ကြိုးစားမှုကြောင့် ကမ္ဘာသူ၊ ကမ္ဘာသားများ မည်မျှ အကျိုးရှိမည်ကို အထူးဖော်ပြရန် လိုအပ်မည် မထင်ပါ။ ဗုဒ္ဓဘာသာတွင် ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာနှင့် ပရိဝေဒ သာသနာဟူ၍ သာသနာ သုံးပါးရှိသည်ကို သိပြီး ဖြစ်ကြပါသည်။
ထို့ကြောင့် ဟောကွက်များကို နာကြားပြီး (ရှုကွက်)အရ ကျင့်ကြံအားထုတ်လျှင် အကျိုးများစွာ ရှိမည်မှာ မူချဧကန် ဖြစ်ပါသည်။ (ရှုကွက်) ပေးရာ၌ တစ်မျိုးတည်း ပေး၍ မရပါ။ မြတ်စွာ ဘုရားသည်ပင်လျှင် တရားနာယူသူ၏ အခြေအနေကို ထောက်ထားပြီး ထိုသူနှင့် ထိုက်သင့်သော တရားကိုသာ ချီးမြှင့်တော် မူလေ့ရှိပါသည်။ အနာနှင့် ဆေးတည့်အောင်ပေး ပျောက်ရေး မခက်ပါ၊ သဲအင်းဂူဆရာတော် ရူကွက်ပေးသောအခါ ဆေးတစ်လက်တည်းနှင့် ဆေးဆရာလုပ်စားလို့ မရဘူး၊ ပိတုန်း ထုံးနဲ့တို့၊ ဆင်လာကြံကျွေး၊ ကျားလာ အသားကျွေးဟု ပြောလေ့ရှိပါသည်။
(၁) ရုပ်ကမ္မဋ္ဌာန်း
(၂) နာမ်ကမ္မဋ္ဌာန်း
(၃) အသုဘကမ္မဋ္ဌာန်း
(၄) ဓာတ်ကမ္မဋ္ဌာန်း
(၅) အဆင်းရုပ်ပြောင်းလဲခြင်း
(၆) အတိတ်စိတ်
(၇) နာမ်ဝေဒနာ
(၈) ၀ဋ်ကြွေး
(၉) ကမ္မဇိဒ္ဓိ
စသည်ဖြင့် လူအမျိုးမျိုးအဖုံဖုံရှိရာဝယ် ရှုကွက်ပေးသော အခါ၌ တရားအားထုတ်သော သူ၏ ကာဣနြေ္ဒနှင့် စိတ်ကို သိပြီး ပေးမှသာလျှင် သူတို့ ရုပ်၊ နာမ်သဘာဝတို့ သဘောပေါက် လာနိုင်ပါသည်။ သို့မဟုတ်ပါက အနာနှင့်ဆေး တစ်ခြားစီ ဖြစ်သွားနိုင်ပါသည်။ တရားအားထုတ်ရမည်ကိုလဲ ကြောက်သွားနိုင်ပါသည်။ သဲအင်းဂူတွင် တစ်နေ့တစ်ခြား ပရိသတ်များလာခြင်းမှာ ခန္ဓာကိုယ်တွေ့ သဘောပေါက်သူ များပြားလာခြင်း ကြောင့်ပင် ဖြစ်ပါသည်။
| < Prev |
|---|